What’s new in Mission

Ambassador-designate of Myanmar to Bangladesh H.E. U Lwin Oo met the BIMSTEC Secretary General H.E. Mr. M. Shahidul Islam at the BIMSTEC Secretariat on 30 November 2017.

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးသော မြန်မာသံအမတ်ကြီးက ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် သွားရောက်တွေ့ဆုံ
(၃၀-၁၁-၂၀၁၇ ရက်၊ ဒါကာမြို့)

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးသော မြန်မာသံအမတ်ကြီး ဦးလွင်ဦးက ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. M. Shahidul Islam ကို ၃၀-၁၁-၂၀၁၇ ရက် (ကြာသပတေးနေ့) ဒေသစံတော်ချိန် ၁၄၃၀ နာရီတွင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သံမှူးကြီး ဦးအောင်မြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်ရီမာအောင်တို့ တက်ရောက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဘင်းမ်စတက်အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲပြီးနောက် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ထံသို့ ၂၀၁၈ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြက္ခဒိန်ကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါသည်။

(သတင်း/ဓာတ်ပုံ – မြန်မာသံရုံး၊ ဒါကာမြို့)

IMG_5563IMG_5568IMG_5574